နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏။

Saturday, October 4, 2008

Debate:

debate
▶ dÇ'beÇt
■ n [C, U]
● (က) စကားအချေအတင်ပြောခြင်း။ စကားရည်လုပွဲ။ စကားစစ်ထိုးပွဲ။

After a long debate, the House of Commons approved the bill. m a debate on abortion/capital punishment m to open the debate (ie be the first to speak) m the motion under debate (ie being discussed). (ခ) ငြင်းခုံခြင်း။ ဆွေးနွေးခြင်း။ After much debate, we decided to move to Mandalay. m We had long debates at college about politics. m The importance of this development has been the subject of much/some debate. v ၁။ ~ (about sth) ဝေဖန်ဆွေးနွေးသည်။ What are they debating about? m The issue/motion was first debated in the House 25 years ago. m We’re just debating what to do next. ၂။ ချီတုံချတုံ စဉ်းစားသည်။ I debated it for a while, then decided not to go. m I’m debating where to go on holiday. m She debated whether or not to tell him the news. m He debated buying a new car, but didn't in the end. o debater n စကားအချေအတင်ပြောသူ။ အဆိုရှင်။ အချေရှင်။
Debate ရဲ့ အဘိဓာန် အဖွင့်လေးနဲ့ အတူ အမေရိကန် ဒုသမ္မတလောင်း နှစ်ယောက်ရဲ့ စကားစစ်ထိုးပွဲလေး ကို CNN ကူးယူပြီး ပို့စ်အဖြစ်တင်ပေးလိုက်ပါတယ်။ အဲဒီ စကားစစ်ထိုးပွဲရဲ့ အကျိုးရလာဒ်ကို ခဏထားလို့ အမေရိကန် နိုင်ငံကြီးမှာ မကြာမတင်သော ကာလမှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကတော့ (ဥပစ္ဆေဒက ကံကြောင့် သေဆုံးမှုမှ တစ်ပါး) ကျိန်းသေပေါက် ဒုတိယ သမ္မတဖြစ်တော့မှာပါ။ အဲဒီလို မဖြစ်သေးတဲ့ သမ္မလောင်း နှစ်ယောက်ရဲ့ နိုင်ငံရဲ့ ပေါ်လစီတွေနဲ့ ပါတ်သက်လို့ ဘယ်သူက ဘာဖြစ်တယ်။ ဘယ်နေရာမှာတော့ အားနည်းချက်ရှိတယ်။ ဘယ်ကိစ္စတွေမှာ မှားယွင်းခဲ့တယ် စသည်ဖြင့် အားသာချက် အားနည်းချက်တွေ ကို ရိုးသားမှု၊ ပွင့်လင်းမှု တွေ အခြေခံပြီး အခြေအတင်ပြောဆိုတာကို သဘောကျလို့ ပို့စ် အဖြစ်တင်လိုက်တာပါ။ အဲဒီလို အနေအထားမျိုးတွေ ဦးဇင်းတို့ရဲ့ ဗုဒ္ဓဘာသာတရားတွေ ထွန်းကားပါတယ်ဆို တဲ့ ရွှေမြန်မာနိုင်ငံကြီးမှာကော မရှိသင့်ဘူးလား။ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံခေါင်းဆောင် လုပ်မဲ့သူတွေ မရိုးသားသင့်ဘူးလား၊ မပွင့်လင်းသင့်ဘူးလား၊ မလွတ်လပ်သင့်ဘူးလား။ ရိုးသားမှု ပွင့်လင်းမှုတွေ လွတ်လပ်မှု၊ တရားမျှတမှုတွေကို ရိုးသားစွာ၊ ပွင့်လင်းစွာ ထုတ်ဖေါ်ပြောဆိုခွင့်၊ ရေးသားခွင့်တွေ မရှိသင့်ဘူးလား။ အမေရိကန် နိုင်ငံကလူတွေလဲ လူတွေပါပဲ၊ ဦးဇင်းတို့ ရွှေမြန်မာနိုင်ငံက လူတွေလဲ လူတွေပါပဲ။ ဆွေမျိုးပေါက်ဖေါ် တော်စပ်ပါတဲ့ တရုတ်ပြည်က လူတွေလဲ လူတွေပါပဲ။ ဒါဆိုဘာတွေ ကွာခြားနေကြတာပါ လဲ။ ဘာကြောင့် ကွာခြားနေကြတာပါလဲ။
တိုင်းပြည်တစ်ပြည်မှာ အုပ်ချုပ်သူနဲ့၊ အုပ်ချုပ်ခံ လူ ရယ်လို့ နှစ်မျိုးပဲ ရှိပါတယ်။ အုပ်ချုပ်တဲ့သူက ဘယ်လို အုပ်ချုပ်မှာ လဲ ဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။ ဒို့ဖိနှိပ် အုပ်ချုပ်မလား၊ တရားမျှတစွာ အုပ်ချုပ်မလား၊ ဥပဒေနဲ့ အုပ်ချုပ်မလား၊ ဥပဒေမဲ့ အာဏာနဲ့ အုပ်ချုပ်မလား၊ ဓားလှံ လက်နက် မိုးပြီး အုပ်ချုပ်မှာလား၊ ဒို့ချည်းပဲ အုပ်ချုပ်မှာလား၊ ခွဲဝေ အုပ်ချုပ်မှာလား၊ ပြည်သူက ရွှေးချယ်စေတဲ့ စနစ်နဲ့ အုပ်ချုပ်မှာလား။ အကျိုး အပြစ်ကတော့ အုပ်ချုပ်သူလူတွေရဲ့ စီမံခန့်ခွဲမှု။ တိုင်းသူပြည်သားတွေ အပေါ်မှာ စေတနာထားမှု စသည့် အကြောင်းတရားများ အားလျော်စွာ အကောင်း အဆိုးတွေ တွေကြရမှာပါ။
ဆိုလိုချင်တာက ဦးဇင်းတို့ နိုင်ငံမှာရော တိုင်းပြည်ရဲ့ အကျိုးအတွက်၊ ပြည်သူတွေရဲ့ အကျိုးအတွက် အထက်ပါ Debate ဆိုတာမျိုးတွေ မရှိသင့်ဘူးလား။
ကိုယ့်အမြင်လေးတွေ comments တွေ ထားခဲ့နိုင်ပါတယ်။ ဦးဇင်းကတော့ ရှိသင့်တယ်လို့ ထင်ပါတယ်။ ရှိသင့်တယ် ဆိုရင်တော့ ရှိဘို့ အတွက် ဘာတွေ လိုအပ်သလဲ ဆိုတာ ဆက်လက် ဆွေးနွေး စဉ်းစားကြပါကုန်။

No comments: