နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏။

Tuesday, February 19, 2008

ဘလော့ မိတ်ဆက်

BLOG စရေးဖြစ်ဖို့ အကြောင်းဖန်လာတာကတော့ သူများတကာတွေရဲ့ ဘလော့တွေကို ဖတ်မိလို့ပဲ။ ဘလော့တွေမှာ အဓိက တွေ့ရတာကတော့ လွတ်လပ်မှုပဲ။ လွတ်လပ်မှုတွေနဲ့အတူ မိမိရဲ့ အမြင်တွေကို လွတ်လွတ်လပ်လပ် တင်ပြကြတယ်။ အဲဒီမှာပဲ ဘလော့ရဲ့ အနှစ်သာရသဘောကိုနားလည်လာတယ်။ ကိုယ်တိုင်လဲရေးချင်လာတယ်။ ဒါနဲ့ သူငယ်ချင်းကိုယ်ပညာ(ပြည်)ရဲ့ ကူညီမှုနဲ့ ဘလော့လေးကို လုပ်ဖြစ် ခဲ့တယ်။ လုပ်ပြီးပြန်တော့ ဘာရေးမလဲဆိုတာကို ကိုယ့်ကိုယ်ကို မေးခွန်းပြန်ထုတ်ရပြန်တယ်။ ဘာသာရေးနဲ့ ပတ်သက်တာလေး တွေကို ဦးစားပေးရေးမယ်လို့ ကိုယ့်ဖာသာပဲ ပြန်ဖြေဖြစ်ခဲ့တယ်။ ဒီလိုနဲ့ ဘလော့လေးကို လုပ်ဖြစ်ခဲ့တယ်။ ပုံမှန် ရေးနိုင်အောင်တော့ အတော့ကို လုံ့လစိုက်ထုက်ရဦးမယ်။
ဘလော့ခေါင်းစဉ်နဲ့ ပတ်သက်ပြန်တော့ ဘာပေးမလဲပေါ့ စဉ်းစာရပြန်ရော အဲဒီမှာစဉ်းစားမိတာက ''BACKGROUND'' ဆိုတဲ့အင်္ဂလိပ် စာလုံးလေးပဲ ဘလော့လုပ်စဉ်ကလဲ Background Color ကိုဘာရောင်ရွေးမလဲ စသည်ဖြင့်စဉ်းစာရတယ်။
BACKGROUND ကို အမျိုးမျိုး စဉ်းစားမိလို့ပဲ။ နောက်ခံ BACKROUND ကိုလိုက်လို့ အမျိုးမျိုးပြောင်လဲနိုင်ကြတယ်။ စာဖတ်သူလဲ ဒီစကားလုံးလေးနဲ့ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့်လေး စဉ်းစားကြည့်ပါလား။ အတော်လေး စဉ်းစားလို့ကောင်းတယ်။ BACKROUND ကို ပုဂ္ဂိုလ် သတ္တ၀ါတွေရဲ့ နောက်ခံ အကြောင်းဖြစ်တဲ့ အတိတ်က ကောင်းကံ၊ မကောင်းကံတွေကိုပဲ BACKROUND လို့ ညွှန်းဆိုချင်ပါတယ်။ ဒါကတော့ မိမိရဲ့ ကိုယ်ပိုင်အမြင်ပါ။ ဒီအပေါ်မှာ သင်လဲ လွတ်လွတ်လပ်လပ်တွေးခေါ်ယူဆနိုင်ပါတယ်။
ဒါက တော့ ''BACKGROUND'' လို့ အမည်လေး တတ်မိလိုက်တဲ့ အကြောင်းအရာလေးပါ။
စဉ်ဆက်မပြတ် ရေးနိုင်ဘို့ ကြိုးစားပါဦးမယ်။
UGBL
...????????????...

Read More...