နွေးထွေး လှိုက်လှဲစွာ ကြိုဆိုပါ၏။

Wednesday, March 26, 2008

သင် ဘယ်လိုစကားမျိုး ပြောဆိုလိုပါသလဲ

ဘလော့လုပ်ထားပြီး စာမရေးတော့လဲ ဆားမပါတဲ့ ဟင်းလိုပါပဲ အရသာမရှိပြန်ဘူး ဒါနဲ့ဘာရေးမလဲ အပြေးအလွှား စဉ်းစားရပြန်ရော။ အခုဘလော့တွေမှာ စီဘောက်တွေမှာ စာတွေရေးကြ စကားတွေပြောကြနဲ့ အိုင်တီခေတ်နဲ့ အညီ လိုက်လျောညီထွေ စီးဆင်းလှုပ်ရှား နေကြတာ မဟုတ်လား။ အတန်းအစားစုံ၊ အမျိုးအနွယ်မျိုးစုံ၊ အရောင်အသွေးစုံ ပါဝင်နေကြတာလဲ ငြင်းရမဲ့အချက်မဟုတ် အဲဒီတော့ ဒီနေရာမှာ ဗုဒ္ဓမြတ်စွာဟာ ဘယ်လို စကားအမျိုးအစားကို ပြောသလဲ ဆိုတာလေးလဲ မှတ်သားစေချင်တာရယ်။ စကားအမျိုး အစား ဘယ်နှစ်မျိုးရှိတယ် ဆိုတာကို သိစေချင်တာ ရယ်ကြောင့် ကိုယ်သင်ကြားမှတ်သားဘူးတဲ့ ဗုဒ္ဓစာပေထဲက ကောက်နှုတ်ပြီး ဘလော့ကို အလည်လာသူများ အလွယ်တကူ မှတ်သားနိုင်အောင် မြန်မာလိုလေး ရေးပေးလိုက်ပါတယ်။ ဒါလဲ ဗုဒ္ဓဘာသာ အလိုအရ ဗုဒ္ဓစာပေအလိုအရ ဖြစ်ပါတယ်။ ကျန်တဲ့ အမြင် ရှုထောင့်တွေကနေ မှတ်သားဖူးတာများရှိရင်လဲ မျှဝေနိုင်ပါတယ်။
စကားအမျိုးအစား (၆)မျိုးရှိပါတယ်
(၁) ယံ တထာဂတော ၀ါစံ ဇာနာတိ အဘူတံ အတစ္ဆံ အနတ္ထသံဟိတံ၊ သာ စ ပရေသံ အပ္ပိယာ အမနာပါ၊ န တံ တထာဂတော ၀ါစံ ဘာသတိ။
စကားတစ်ခွန်းသည်
မမှန်ဘူး အချည်းနှီးပဲ ပြောလိုက်မယ်ဆိုရင်လဲ အကျိုးတရားနဲ့ စပ်ယှဉ်မှု မရှိဘူး။ကြားနားရတဲ့ သူတွေကလဲ ဒီစကားကို မနှစ်သက်ဘူး မမြတ်နိုးဘူး ဆိုရင် ဒီးစကားကို မမှန် ကျိုးမရှိ
မနှစ်သက် စကားလို့ ခေါ်ပါတယ်။ မြတ်စွားဘုရားရှင် ပြောဆိုသုံးစွဲတော် မူခြင်းမရှိပါ။

(၂) ယမ္ပိ တထာဂတော ၀ါစံ ဇာနာတိ ဘူတံ တစ္ဆံ အနတ္ထသံဟိတံ၊ သာ စ ပရေသံ အပ္ပိယာ အမနာပါ တမ္ပိ တထာဂတော ၀ါစံ န ဘာသတိ။
မှန်တယ် သို့ပေမဲ့ ပြောလိုက်မယ်ဆိုရင်လဲ အကျိုးတရားနဲ့ စပ်ယှဉ်မှု မရှိဘူး ကြားနရတဲ့သူတွေကလဲ ဒီစကားကို မနှစ်သက်ဘူး မမြတ်နိုးဘူးဆိုရင် မှန် ကျိုးမရှိ မနှစ်သက် စကား လို့ ခေါ်ပါတယ်။ မြတ်စွားဘုရားရှင် ပြောဆိုသုံးစွဲတော်မူခြင်းမရှိပါ။

(၃) ယဉ္စ ခေါ တထာဂတော ၀ါစံ ဇာနာတိ ဘူတံ တစ္ဆံ အတ္ထသံဟိတသာစ ပရေသံ အပ္ပိယာ အမနာပါ တတြ
ကာလညူ တထာဂတော ဟောတိ တဿာ ၀ါစာယ ဝေယျာကရဏာယ။
မှန်လဲ မှန်တယ် အကျိုးလဲ ရှိတယ်ဆိုရင် ကြားနာရသူတွေ မနှစ်သက် မမြတ်နိုးစေကာမှု ထိုစကားမျိုးကို မြတ်စွာဘုရားရှင် ပြောဆို သုံးစွဲတော်မူပါတယ်။ မှန် ကျိုးရှိး မနှစ်သက် စကားလို့ ဆိုလိုပါတယ်။

(၄)
ယံ တထာဂတော ၀ါစံ ဇာနာတိ အဘူတံ အတစ္ဆံ အနတ္ထသံဟိတံ၊ သာစ ပရေသံ ပိယာ မနာပါ န တံ တထာဂတော ၀ါစံ ဘာသတိ။
မမှန်ဘူး အချည်းနှီးပဲ အကျိုးလဲ မရှိဘူး ဆိုရင် ကြာနာတဲ့သူတွေ အတွက် ဘယ် လောက်ပဲ မြတ်နိုး နှစ်သက်စရာ ဖြစ်စေကာမှု ထိုစကားမျိုးကိုလဲ မြတ်စွာဘုရားရှင် ပြောဆို သုံးစွဲတော်မူခြင်း မရှိပါ။ ထိုစကားမျိုး ကို မမှန် ကျိုးမရှိ နှစ်သက် စကားလို့ခေါ်ဆိုပါတယ်။

(၅) ယမ္ပိ တထာဂတော ၀ါစံ ဇာနာတိ ဘူတံ တစ္ဆံ အနတ္ထသံဟိတံ၊ သာ စ ပရေသံ ပိယာ မနာပါ တမ္ပိ
တထာဂတော ၀ါစံ န ဘာသတိ။
မှန်တယ် သို့ပေမဲ့ အကျိုးတရားနဲ့ စပ်ယှဉ်ခြင်းမရှိဘူး ကြားနာရသူတွေ နှစ်သက်မြတ်နိုးတယ် ထိုစကားမျိုးကိုလဲ မြတ်စွားဘုရားရှင် ပြောဆိုသုံးစွဲတောမမူပါ။ မှန် ကျိုးမရှိ နှစ်သက် စကားလို့ ဆိုလိုပါတယ်။

(၆)
ယဉ္စ ခေါ တထာဂတော ၀ါစံ ဇာနာတိ ဘူတံ တစ္ဆံ အတ္ထသံဟိတသာစ ပရေသံ ပိယာ မနာပါ တတြ
ကာလညူ တထာဂတော ဟောတိ တဿာ ၀ါစာယ ဝေယျာကရဏာယ။
မှန်တယ် အကျိုးလဲရှိတယ် ကြားနာရသူတွေကလဲ နှစ်သက်မြတ်နိုးတယ် ဆိုရင် မြတ်စွာဘုရားရှင် ပြောဆိုသုံးစွဲတော်မူပါတယ်။ မှန် ကျိုးရှိ နှစ်သက်မြတ်နိုး စကားလို့ ဆိုလိုပါတယ်။
စာရေး သူတို့ အနေနဲ့ ဘုရားရှင်ကဲ့သို့ နှစ်ခွန်းတည်းသော စကားကိုသာ ပြောဆိုနိုင်ဘို့ဆိုတာ မလွယ်ပါ မဖြစ်နိုင်ပါ။ ဘာကြောင့်လဲဆိုလျှင်တော့ ပုထုဇဉ်အရာ မဟုတ်လို့ ဟူ၍သာ ဖြေဆိုရပါမည်။ မည်သို့ဆိုစေကာမူ အထက်ပါ စကားခြောက်ခွန်းထဲ မှ မည့်သည့် စကားမျိုးလောက်တော့ ပြောဆိုသင့်သည်ကို ကိုယ်ပိုင်ဆုံးဖြတ်၍ မိမိကိုယ်ကို ကောင်းစွာဆောင်ရွက်နိုင်ကြပါစေ။

No comments: